ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ စာသင်ကျောင်းဆောင်သစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန် ဩဂုတ်၁၀

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စာသင်ကျောင်းဆောင်သစ် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအား ယမန်နေ့ နံနက် ၁၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်း (၅၃ ဒသမ ၈၃၆) ကျပ်သန်းဖြင့် (အလျား ပေ ၁၀၀၊ အနံ ပေ ၃၀) တစ်ထပ်ဆောင် အေးသုတကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်သည့် ပေါက်စိမ်းကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းဝင်းအတွင်း စာသင်ကျောင်းဆောင်သစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှုအား ကဏ္ဍအလိုက်ကြည့်ရှုစစ်ဆေးရာ အေးသုတကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ များက လှည့်လည်ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။                                         

သက်နောင်ဦး(ငါန်းဇွန်)