သင်္ဃန်းကျွန်းမြို့နယ်တွင် ကလေးများအား မျက်စိအားဆေးနှင့် သံချအားတိုးဆေး တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုဗစ်ကာလအတွင်း ယာယီရပ်နားထားခဲ့သော ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) အချိန်က  သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း-၂ ရပ်ကွက် သို့ကွင်းဆင်းကာ မျက်စိအားဆေး  နှင့် သန်ကျဆေးများကို အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ကွင်းဆင်း တိုက်ကျွေး ပေးလျှက်ရှိသည်။

ထိုသို့မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာသို့  မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့များနှင့် ဆယ်သိန်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့က ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ရဲမင်းထွန်း(ပြန်/ဆက်)