ညောင်ဦးမြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နယ်မြေကွင်းဆင်းစစ်ဆေး

 

ညောင်ဦး ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထားသည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ယမန်နေ့ နေလယ်ပိုင်းက နယ်မြေကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံများသို့ သွားရောက်၍ အဖွဲ့ခွဲရုံးတွင် မဲစာရင်းတစ်စုံ သီးခြားလက်ခံရရှိထားခြင်း ရှိ/မရှိ၊ မဲရုံအလိုက် ပုံစံ() နှင့် ပုံစံ(-က) များကို ပြည်စုံစွာ ကပ်ထားကြေညာခြင်း ရှိ/မရှိ၊ မဲဆန္ဒရှင် စာရင်းအား အများပြည်သူကြည့်ရှု့ရန် အဆင်ပြေ သင့်လျော်သည့်နေရာတွင် ကပ်ထားကြေညာခြင်း ရှိ/မရှိ၊ နေ့စဉ် အဖွဲ့ဝင်သုံးဦးစီ တာဝန်ချထားခြင်း ရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများအတွက် သက်ဆိုင်သော ပုစံ () ()နှင့် (-)များ ပြည့်စုံလုံလောက်စွာ ရရှိထားခြင်း ရှိ/မရှိနှင့် ရှိပါက ပုံစံများလက်ခံ၍ စာရင်းပြုစုထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးလှကို (အဖွဲ့ခေါင်းဆောင်-ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်) ဦးကျော်လွင်ဦး  (အဖွဲ့ဝင်-လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး) ဦးကျော်မင်းဦး (အဖွဲ့ဝင်-ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး) တို့က ညောင်ဦးမြို့ အမှတ် () ရပ်ကွက် (ဝက်ကြီးအင်း) တောင်ဘီကျေးရွာ၊ မြင်းကပါကျေးရွာ၊ ပုဂံမြို့ အနော်ရထာရပ်ကွက်၊ ကျန်စစ်သား ရပ်ကွက်များသို့  လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကျော်မင်းဦး(ရေနံချောင်း)