ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၈၀၁၃) ဦးရှိ၍ အောင်မြင်သူ (၃၀၆၂) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၃၈ ဒသမ ၂၁) ရာခိုင်နှုန်းရှိ

ကျောက်ပန်းတောင်း  ဩဂုတ် ၁၀

၂၀၂၀-ပြည့်နှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ဩဂုတ် (၁၀) ရက်နေ့တွင် သက်ဆိုင်ရာစာစစ်ဌာနများ အလိုက် အောင်စာရင်းများကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိသလောက် နည်းပါးကြောင်း သိရသည်။

၂၀၂၀-ပြည့်နှစ် မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ ဖြစ်သဖြင့် ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဩဂုတ် (၉) ရက်နေ့ နံနက် ၁၂ နာရီခွဲက Online စနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ယနေ့တွင် စာစစ်ဌာနအလိုက် အောင်စာရင်းကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိသလောက် နည်းပါးကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့ နယ်တွင် ၂၀၂၀-ပြည့်နှစ် မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို၊ စာစစ်ဌာန (၁၃) ခုတွင် ကျောင်းဖြေ( ၄၆၃၆) ဦးနှင့် ပြင်ပဖြေ (၃၃၇၇) ဦး စုစုပေါင်း (၈၀၁၃) ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၃၀၆၂) ဦး အောင်မြင်၍ အောင်မြင်မှုရာခိုင်နှုန်းမှာ (၃၈ ဒသမ ၂၁) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်မြင်မှုများအနက် ဘာသာစုံဂုဏ်ထူး ရရှိ သူ (၂) ဦး၊  ၅-ဘာသာဂုဏ်ထူး (၁၅) ဦး၊ ၄-ဘာသာဂုဏ်ထူး (၁၇) ဦး၊ ၃-ဘာသာဂုဏ်ထူး (၄၄) ဦး၊ ၂-ဘာသာဂုဏ်ထူး (၉၇) ဦးနှင့် ၁-ဘာသာ ဂုဏ်ထူး (၂၅၉) ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)