ညောင်တုန်း ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဩဂုတ်လ ၉ ရက်နေ့ မှစတင်၍ Online မှတဆင့် ထုတ်ပြန်ကြေညာပေးပြီးနောက် စာစစ်ဌာနအလိုက် အောင်စာရင်း များကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(၁)၊ အ-ထ-က(၂)၊ အ-ထ-က (ဆားမလောက်)၊ အ-ထ-က (နတ်ပေး)၊ အ-ထ-က(ချောင်းကြီး)၊ အ-ထ-က (မဲဇလီဒလ)၊ အ-ထ-က (သပြေချောင်း)၊ အ-ထ-က (ငှက်ပျောကျွန်း)၊ အ-ထ-က (ကြက်တူရွေးတောင်)၊ အ-ထ-က (ပါလှဲ့အောက်စု) စုစုပေါင်း စာစစ်ဌာန(၁၀) ခုတို့တွင် ကျောင်းတွင်းနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း (၃၁၁၀) ဦး ဖြေဆိုခဲ့ရာ (၉၆၈)ဦး ဖြေဆိုအောင်မြင် ခဲ့ကြောင်းနှင့် ငါးဘာသာ (၁)ဦး၊ လေးဘာသာ (၂)ဦး၊ သုံးဘာသာ (၁၅)ဦး၊ နှစ်ဘာသာ (၉၄)ဦး၊ တစ်ဘာသာ (၁၄၃) ဦး ဂုဏ်ထူးများရရှိခဲ့ပြီး ညောင်တုန်း မြို့နယ် စာစစ်ဌာန၏ အောင်ချက် ရာနှုန်းမှာ ၃၁ ဒသမ ၁၃ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဝဠာနိုင် (ညောင်တုန်း)