မြို့သစ် သြဂုတ် ၁၀
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Covid - 19 ၏စီး ပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေးစီမံချက် (CERP) အရ ဖွင့်လှစ်သော တိရစ္ဆာန်ကျန်းမာရေး စောက်ရှောက်မှုသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက တလုပ်ပင်ကျေးရွာအုပ်စု ၊ တလုပ်ပင်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့ကြောင်း သိရှိရသည်။
“Covid -19 ကာလအတွင်း ကျေးရွာများ၌ မွေးမြူထားရှိသည့် တိရိစ္ဆာန်များအား ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် မိမိတို့ တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် တိရိစ္ဆာန်များကို အချိန်တိုအတွင်း ကုသ ဆောင်ရွက်မှုပေးနိုင်ခြင်း၊ စီးပွားရေးထိခိုက်မှုများ လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင် ကြောင်း” မြို့သစ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသီဟထွန်းက ပြောကြားခဲ့သည်။
“အခုလိုမြို့နယ်မှ သင်တန်းလာရောက်ဖွင့်လှစ်သင်ကြားပေးတဲ့အတွက် ကျွန်တော်တို့ ကျေးရွာအတွင်းမှာရှိတဲ့ ကျွဲ ၊ နွား တိရိစ္ဆာန်များကို အချိန်နှင့်တစ်ပြေးညီကုသနိုင်ရန်အတွက် ဒီသင်တန်းမျိုး လာရောက်ပို့ချပေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးပင်ကျေးဇူးတင်မိပါတယ်” ဟု တလုပ်ပင် ကျေးရွာမှသင်တန်းသား ဦးငွေဘောမှပြောကြားခဲ့ သည်။
မြို့သစ်မြို့နယ်တွင် Covid-19 ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေးစီမံချက်(CERP) အရ တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း၊ မေထုန်မဲ့သားစပ်နည်းသင်တန်း၊ ကျွဲ၊ နွားမွေးမြူထုတ်လုပ်မှုသင်တန်း၊ သိုး၊ ဆိတ်မွေးမြူထုတ်လုပ်မှုသင်တန်း၊ ဝက်မွေးမြူထုတ်လုပ်မှုသင်တန်းများကို သြဂုတ်လ ၅ ရက်မှ စက်တင်ဘာလ (၄)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇) အုပ်စုမှ သင်တန်းသား (၆၀၀)ဦးခန့်ကို သင်တန်းဖွင့်လှစ် ပို့ချပေးမှာဖြစ်ပြီး အဆိုပါသင်တန်းများဖွင့် လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် သင်တန်း ဖွင့်လှစ်သည့် နေရာတစ်ခုလျှင် သင်တန်းသား (၂၀)ဦးနှုန်းဖြင့် (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမှာ ဖြစ်ကြောင်း သိရှိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)