ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ဗန်းမော်  ဩဂုတ်  ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်မြင့် (ခ)ဦးဒိတ်က အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ ပေးအပ်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းကလည်း ထောက်ပံ့ငွေ ပေးအပ်ခြင်း နှင့်ပတ်သက်၍  အမှာစကား ပြောခဲ့သည်။

ယင်းနောက် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၇)စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၉၀၉၄)စု၊ လူဦးရေစုစုပေါင်း (၄၁၁ဝ၅)ဦးတို့အတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေ (၁၈၁၈၈၀၀၀၀ိ/-) ကျပ်တို့ကို ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းစိန်လင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာနေ ဦးကျော်ကျော်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းစိန်လင်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)