မိုးနဲ သြဂုတ် ၁ဝ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မယ်ဇလီမြိုင်ကျေးရွာနေ၊ ဒေသခံတောင်သူအချို့သည် မိုးရာသီကာလ မှိုလှိုင်လှိုင်ပေါ်ထွက်ချိန်၌ မှိုရှာဖွေ ရောင်းချကြခြင်းဖြင့် ၎င်းတို့မိသားစု အပိုဝင်ငွေများ ရရှိလျက် ရှိကြကြောင်းသိရသည်။
အဆိုပါ မှိုရှာဖွေရောင်းချလျက်ရှိသူ မယ်ဇလီမြိုင်ရွာသူတစ်ဦးက“ ဒီလိုအချိန်မှာ ကျွန်မတို့ မှိုရှာ ထွက်ပါ တယ်၊ ရွာနဲ့ ၃၊၄မိုင်ဝေးတဲ့ တောင်ယာခြံ တွေမှာ သွားရှာရပါတယ်။ တစ်ရက်ကို ၂ ခါလောက် မှိုရှာ ထွက်လေ့ ရှိကြပါတယ်““ မနက် ၆နာရီ အချိန်လောက်မှာ တစ်ကြိမ် ထွက်ရှာကြတယ်၊ မှိုရလာရင် တခါပြန်လာ ရောင်းပါတယ်။ ပြီးထမင်းစားကြတယ်။ နေ့လည်ခင်း ၁၁ နာရီ၊ ၁၂ နာရီဆို တစ်ခါပြန် သွားရှာလေ့ ရှိကြ ပါတယ်”။
“အခုလို မှိုထွက်တဲ့အချိန် မှိုသွားရှာ၊ရောင်းလို့ရတဲ့ငွေလေးနဲ့ လိုအပ်တဲ့မီးဖိုချောင်အစားအစာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊အာလူးစတာတွေ ကျွန်မတို့ပြန်ဝယ်စားကြတော့ အဆင်ပြေတာပေါ့ရှင်” ရောင်းတာ ကတော့ အတွဲ အကြီးအငယ် အနည်းအများ အလိုက် တစ်တွဲကို ၂ဝဝဝိ၊ ၃ဝဝဝိနဲ့ ကျပ်၅ဝဝဝိအထိ ရောင်းချရကြပါတယ်”။ တစ်နေ့တစ်နေ့ဆို ရောင်းရငွေ ကျပ်သုံးလေးသောင်း မှိုများများရတဲ့အခါ ၁ဝဝဝဝဝိ ကျပ်အထိ ရကြပါတယ်”။
“ကျွန်မတို့ရွာရဲ့ ဒီမော်တော် ကားလမ်းနံဘေးမှာပဲ စောင့်ရောင်းကြပါတယ်”ခရီးသွားလာ နေကြတဲ့ ခရီးသွား ပြည်သူတွေကကြုံရင်ကြုံသလိုနဲ့ကျမတို့မှိုတွေကိုဝယ်ယူ အားပေးသွားကြပါတယ်” ဟု မိုးနဲ မြို့နယ် ၊မယ်ဇလီမြိုင် ရွာနေ မှိုရှာဖွေရောင်းချသူ လီဆူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါသည်။
တစ်နှစ်လျင် တစ်ခါပေါ်တတ်သည့် ဖက်စွပ်မှို၊တောင်ပို့မှို၊ ဝါးမှို၊ မှိုမွေးစသော စားသုံးသင့်သည့် သဘာဝ မှိုများ အား မိုးဥတုကာလရောက်ချိန်တိုင်း နှစ်စဥ် မှိုရှာဖွေရောင်းချခြင်းအားဖြင့် မိသားစု အပိုဝင်ငွေများ ရရှိ အဆင်ပြေ လျက်ရှိကြကြောင်းသိရသည်။
စိုင်းဇော်လတ်(လင်းခေး)