လဟယ် ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နန်းယွန်မြို့မှ ပြန်လာသည့် ၀န်ထမ်းတစ်ဦးအား လဟယ်ပြည်သူ့ဆေးရုံ စောင့်ကြည့်ဆောင်တွင် ထားရှိပြီး ယနေ့ နံနက် (၁၀) နာရီအချိန် Test kit ဖြင့် နှာခေါင်းဖတ်ရယူစစ်ဆေးခဲ့ရာ Negative အဖြေထွက်ရှိကြောင်းသိရသည်။
အဆိုပါစောင့်ကြည့် သူအားတစ်ပတ်ပြည့်လျှင် နောက်တကြိမ် ပြန်လည်စစ်ဆေးသွားမည် ဖြစ်ပြီး အလားတူ တမူးမြို့နယ်မှ ရောက်လာခဲ့သော ကျန်းမာရေး၀န်ထမ်း(၂)ဦး ကိုလည်း တစ်ပတ်ကြာ စောင့်ကြည့်ဆောင်တွင် ထားရှိပြီး နှာခေါင်းဖတ်ရယူ စစ်ဆေးခဲ့ရာ (၂)ကြိမ်လုံး Negative အဖြေထွက်ရှိသည့်အတွက် ယနေ့တွင် အိမ်ပြန်ခွင့်ပြုပေးခဲ့ကြောင်း လဟယ် ပြည်သူ့ဆေးရုံမှ ဆေးဗိုလ်ကြီး ဒေါက်တာသက်ပိုင်စိုးထံမှသိရသည်။
ရှားဆက်(လဟယ်)