နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ လမ်းဆုံ၌ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ

လဟယ် ဇွန် ၂၃

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် Mask camping အနေဖြင့် နာဂဒေသ‌စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ကျန်းမာရေးဌာန ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်မှ (၁၀) နာရီထိ လဟယ်မြို့ လဟလမ်းဆုံ၌ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ခဲ့ဆောင်းသိရသည်။

 

 

 

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာ လှုပ်ရှားမှုတွင် မဖြစ်မနေအသုံးပြုရမည့် ကျန်းမာရေးအတွက် အထောက်အကူ ပြုစေရန် ရည်ရွယ်လျက် နှာခေါင်းစည်း Mask မတပ်ဘဲအပြင်ထွက်လာသည့် ပြည်သူများအား နှာခေါင်းစည်းMask (၂၅၀)ခု အခမဲ့ဖြန့်ဝေပြီး ပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 

 

 ပညာပေးကာလပြီးပါက အပြင်ထွက်လျှင် နှာခေါင်းစည်း Mask မတပ်သူများကို ဒဏ်ငွေတပ်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဆောင်ရွက်နေမှုကို နာဂဒေသစံမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့်အဖွဲ့၀င်များက လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

 

ရှားဆက်(လဟယ်)