ရိခေါ်ဒါရ် မတ် ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက် နေအိမ်တစ်အိမ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရှိ၍ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့အဖွဲ့သည် အဆိုပါ အမျိုးသမီးရောက်ရှိသည့် နေအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ၎င်းရောက်ရှိရာနေအိမ်၌ သီးခြားနေထိုင်ရန်နှင့် အိမ်အပြင်ဘက်သို့ ထွက်ခွာသွားခြင်း လုံးဝမပြုရန် မှာကြားခဲ့ပြီး (၁၄)ရက်ကြာ Home Quarantine ဆောင်ရွက်ထားရှိပြီး နေ့စဉ်ကျန်းမာရေးအခြေအနေ စောင့်ကြည့် စစ်ဆေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)