နာဂဒေသ၊ လေရှီးမြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

 လေရှီး ဇွန်၂၆

နာဂဒေသလေရှီးမြို့တွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ကြီးမှူး ပြုလုပ်သော မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ ညနေပိုင်း၌  လေရှီးမြို့ လူငယ်သင်တန်းကျောင်း ဝန်းအနီးရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ စိန်ပန်း၊ စွယ်တော်၊ မဟော်ဂနီစသည့် ပျိုးပင်အပင်(၅၀၀) အား စိုက်ပျိုးခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ် သစ်တောတာဝန်ခံ ဦးမြင့်သိန်း၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦးရေ(၆၅)ဦး သွား ရောက် စိုက်ပျိုးဆောင်ရွက်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၃၂)ပင်၊ ပျဥ်းကတိုး(၃၅) ပင်၊ ခရေ(၄၀)ပင်၊ စွယ်တော(၁၅)ပင်နှင့် မဟော်ဂနီ(၂၈)ပင် စုစုပေါင်းပျိုးပင် (၁၅၀)အား စိုက်ပျိုးခဲ့သည်။ ဌာနဆိုင်ရာများနှင့် ပြည်သူများအား ပျိုးပင်များ ဖြန့်ဝေရာတွင်  စိန်ပန်းပင်အပါအဝင် ပျိုးပင်ပေါင်း(၃၅၀)ပင်အား ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

စံကျော်ဦး