ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအနီးတွင် တောမီးလောင်မှုကြောင့် ကျေးရွာအတွင်း မီးကူးစက်မှု မရှိစေရေး အချိန်မီ မီးများ ငြိမ်းသတ်

ဘားအံ မတ် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ အထက်နောင်ကျန် ကျေးရွာအနီးတွင် ယမန်နေ့  မွန်းလွဲ(၂)နာရီခွဲတွင် သစ်ရွက်ခြောက်များမှ တောမီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ တောမီးလောင်မှုဖြစ်ပွားရာသို့ မလိုလားအပ်သည့် ကျေးရွာအတွင်း မီးကူးစက်မှု မရှိစေရေး၊ ပြည်သူများ မီးကြောင့်အထိတ်တလန့်မဖြစ်ပေါ်စေရေးအတွက် မြိုင်ကလေး နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်၊ အမှတ်(၂)ဘိလပ်မြေစက်ရုံမှ မီးသတ်ယာဉ်များနှင့်အတူ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ ဒေသခံများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီတွင် မီးညွန့်ကျိုးသွားခဲ့ပြီး တောမီး အခြေအနေအရ အောက်ခြေတွင်ကျန်ရစ်ခဲ့သောမီးကြွင်းမီးကျန်များအား ဆက်လက် စောင့်ဆိုင်း ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)