မဘိမ်း မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စေတနာရှင် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့အထိ လှူဒါန်းငွေ ကျပ် (၇၁)သိန်းကျော်နှင့် ဆေးရုံသုံးပစ္စည်းအချို့တို့ကို လက်ခံရရှိနေကြောင်း သိရသည်။
မဘိမ်းမြို့နယ်အတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများမှာ ယနေ့အထိ (၂၃)ဦး ပြန်လည် ဝင်ရောက်လာကြောင်း၊ ၎င်းတို့အား Facility Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိသော မဘိမ်းမြို့နယ်ခန်းမ၊ မဘိမ်း အထကကျောင်းနှင့် သက်ဆိုင်ရာ သတ်မှတ်စောင့်ကြည့်နေရာ များတွင် ယာယီစောင့်ရှောက်ထားရှိပြီး ၎င်းတို့အတွက် စားဝတ်နေရေးကိစ္စများကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ထိန်လင်းဦး (ပြန်/ဆက်)