မိုင်းရယ် မတ် ၃၁
မိုင်းရယ်မြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့နေ့လည် (၁၂)နာရီအချိန်က မိုင်းရယ်မြို့ ရပ်ကွက်-၁ ရှိ သီရိမင်္ဂလာ စွမ်ဆိုင်ဘုန်းတော်ကြီးကျောင်းမှ စတင်ပြုလုပ်ပါသည်။
အဆိုပါ COVID-19 ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့ရှိ ဘုန်းတော်ကြီး ကျောင်း(၇) ကျောင်းဖြစ်သည့် မြောက်မြို့ ပရိယတ္တိစာသင်တိုက်၊ အောင်စေတီကျောင်းတိုက်၊ ဇိနမာန်အောင် ကျောင်းတိုက်၊ ဆိုင်မိန်းကျောင်းတိုက်၊ ဟိုဝိန်း ကျောင်းတိုက်၊ သီရိမင်္ဂလာ စွမ်ဆိုင်ကျောင်းတိုက်၊ ဝါဆိုကျောင်းတိုက်များအား ပိုးသတ်ဆေးဖျန်းခြင်းများကို အမှတ်(၂) လှုပ်ရှားစစ်ဗျုဟာအဖွဲ့၊ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ဟိတဓရလူမှုကူညီရေး အသင်းတို့မှ စုပေါင်း၍ ဆေးဖျန်းခြင်းများ ပြုလုပ်ကြောင်းသိရသည်။
မိုင်းရယ်မြို့နယ်အတွင်း လူအများသွားလာနိုင်သည့် ဈေးများတွင်လည်း စည်ပင်သာယာရေးအဖွဲ့မှ ပိုးသတ်ဆေးများဖျန်းပေးလျက်ရှိကြောင်းသိရသည်။
ခင်မာလာ(ပြန်/ဆက်)