ဘားအံ မတ် ၃၁
COVID-19 ရောဂါအခြေအနေများကြောင့် အသွားအလာတားမြစ် ပိတ်ပင်ခြင်းခံရသဖြင့် ထိုင်နိုင်ငံတွင်အလုပ် သွားရောက်လုပ်ကိုင်ကြသူ မြန်မာအလုပ်သမားများသည် မြဝတီမှတဆင့် ကရင်ပြည်နယ်၊ ဘားအံမြိုရှိသီးသန့်ထား စောင့်ကြည့်နိုင်ရန် အတွက် လူထုအခြေပြုစောင့်ကြည့်စခန်းအဖြစ် စီစဉ်ထားသည့် ထောင်ဝိအရပ် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲသို့ မတ် ၃၀ ရက်နေ့ညနေပိုင်းက ရောက်ရှိလာရာ ဘားအံခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများသည် ဘားအံမြို့ရှိသီးသန့်ထား စောင့်ကြည့်နိုင်ရန်အတွက် လူထုအခြေပြုစောင့်ကြည့်စခန်းအဖြစ် စီစဉ်ထားသည့် ထောင်ဝိအရပ် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲတွင် COVID-19 ရောဂါအကြောင်း အသိပညာပေး ဗီနိုင်းများကပ် ပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)