ကလော မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရာများဖြစ်သည့် ကလောမြို့ အမှတ် (၈)ရပ်ကွက်တွင် တည်ရှိသော ကလော နှီးဘုရား၊ အမှတ်(၁၀)ရပ်ကွက်တည်ရှိသော ရွှေဉမင် သဘာဝလိုဏ်ဂူဘုရား၊ ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရား တို့တွင်ခေတ္တယာယီပိတ်ထားကြောင်း သိရသည်။
“ကလောမြို့ နှီးဘုရားကျောင်းတိုက်ကိုတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေ အများကြီး လာရောက်တည်းခိုပြီးဘုရားဖူးကြပါတယ်။ ယခု မတ်လ ၂၇ ရက်နေ့မှပြီး ဘုရားဖူးဧည့်သည်များကို ညအိပ် ညနေတည်းခိုခွင့် မပြုတော့ဘူး ဘုရားနယ်မြေများအတွင်း ဈေးဆိုင်ခန်းများလည်း ပိတ်ထားပါ တယ်။ ဘုရားဖူးမယ်ဆို ဖူးလို့ရပါတယ်။ ယခုချိန်လက်ရှိမှာတော့ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ခြင်း မရှိတော့ဘူးဟု” ဘုရားဂေါပက ဦးသန်းမောင် ပြောသည်။
“ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကလောမြို့နယ် မြင်းမထိကျေးရွာရှိ ဉဏ္ဏလုံမွေရှင်တော် သဘာဝလိုဏ်ဂူဘုရားကိုတော့ မတ်လ ၂၆ ရက်နေ့မှစ၍ ဈေးဆိုင်ခန်းများ အပါအဝင် ခေတ္တယာယီ ပိတ်ထားပါတယ်။ ရပ်နှီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များကိုလဲ သိစေချင်ပါ တယ်။ ဘုရားဖူးပြန်လည်ဖွင့်ချိန်ကျရင်လဲ အများပြည်သူသိရှိနိုင်အောင် ပြန်လည်ကြေငြာပေးသွားမည် ဟု " ဘုရားဂေါပကအဖွဲ့ဝင် ဦးမျိုးအောင်ထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)