ဆွမ္မရာ ဇူလှိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နေပြည်သူများ အား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ဆွမ္မရာမြို့တိုက်နယ်ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်း လုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆွမ္မရာမြို့ပေါ်ရပ်ကွက်သုံးကွက်နှင့် ဖွန်သရက်အုပ်စုရှိ ပြည်သူ ၂၅၀ ဦး ကို ကျန်းမာရေးဝန်ထမ်းများက ယနေ့ညနေအပြီး ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ဆွမ္မရာ(ပြန်/ဆက်)