ဆိုက်ခေါင်ကျေးရွာတွင် လက်သန့်ဆေးရည်နှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဆီဆိုင် မတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာ အုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ က ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

လက်သန့်ဆေးရည်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဆိုက်ခေါင် ကျေးလက်ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ ဈေးဝယ်သူမိဘပြည်သူများအား ကိုရိုနာဗိုင်းစ်ရပ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သော ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏများနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများပါသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည် ၄၀ ဗူးဖြန့်ဝေပေးခြင်း၊ စနစ်တကျလက်ဆေးတတ်စေရေးအတွက် လက်ဆေးခြင်း လက်တွေ့သရုပ်ပြခြင်းနှင့် နာချေချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များ ပါသည့် ပိုစတာများ ကပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)