ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်စည်ပင်သာယာရေးရုံး၌ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် (၅)ခုကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
စျေးပြိုင်လေလံစနစ်ဖြင့်ရောင်းချပွဲတွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ်ဦးဌေးမော် က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေးက စျေးပြိုင်လေလံစနစ်ရောင်းချမှုများနှင့် ပတ်သက်၍ လိုင်စင်စည်း ကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅)ခု လေလံတင် ရောင်းချခဲ့ကြရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လိုကြ သည့်လုပ်ငန်းရှင်များက စျေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ ကြကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် အခြားအခွင့်အရေးလိုင်စင်(၁၉)ခုရှိသည့်အနက် ယနေ့တွင် အေးမြို့ အပေါင်ဆိုင် လိုင်စင်၊ ကားမြို့ဝင်ကြေးဘီး ကောက်လိုင်စင်၊ ထန်းတပင်မြို့မစျေးကောက်လိုင်စင်၊ လမ်း ဘေးပျံကျ စျေးကောက် လိုင်စင်နှင့် ကျွဲ၊ နွားပွဲစျေးကောက်လိုင်စင်(၅)ခုတို့ကို ပထမအကြိမ်အဖြစ် စတင် ရောင်းချခြင်း ဖြစ်ရာ ကျန်လိုင်စင်များကိုလည်း ဒုတိယအကြိမ်မြောက် ဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်းသိရပြီး စျေးပြိုင်လေလံစနစ်ရောင်းချပွဲသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်လေလံတင် ရောင်းချရေးအဖွဲ့မှ တာဝန်ရှိသူ များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုကြသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)