သံတောင်ကြီးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Facility Quartine ဆောင်ရွက်ထားရှိ

သံတောင်ကြီး မတ် ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ သံတောင်ကြီးမြို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများက Facility Quaratile အဖြင့် စောင့်ရှောက်မှုများကို ယနေ့မှ စ၍ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်း နိုင်ငံရပ်ခြားမှ ပြန်လာသူများအား ကျန်းမာရေးစစ်ဆေးမှု စောင့်ကြည့် (၁၄)ရက်ထားရှိမည့် အထက ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာစည်သူစန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးအောင်ဝင်းစိန် ၊ သံတောင်ကြီးမြို့မစခန်းမှူး ဒု-ရဲမှူးကြည်ခိုင်ကျော်၊ သံတောင်ကြီးမြို့ COVID-၁၉ ကြီးကြပ်မှုကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ Facility Quartine တွင် နိုင်ငံရပ်ခြားများမှ ပြန်လည်ရောက်ရှိသူများအား (၁၄)ရက်တာ စောင့်ကြည့်ရန်နှင့် လိုအပ်သည့် အစားအသောက် အသုံးအဆောင်ပစ္စည်းများ၊ အမျိုးသမီးများ အတွက် သီးသန့်ရေချိုခန်း ၊ အိမ်သာများ ထားရှိပြီး သံတောင်ကြီးမြို့တွင် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်းများကလည်း လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Holy (ပြန်/ဆက်)