လှိုင်းဘွဲ မတ် ၃၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း Facility Quarantine ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် သီးခြားလူနာခန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ၁၄ ရက်ကြာ စောင့်ကြည့်ရန်နှင့် သံသယလူနာများ တွေ့ရှိပါက သီးခြားထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသော အထကကျောင်း၊ Cyclone Shelter များသို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)