နောင်ချို မတ် ၃၁
နောင်ချိုမြို့နယ်အတွင်းရှိ COVID-19 သံသယလူနာများအား ထားရှိနိုင်ရန်အတွက် Facility Quarantine ကို သဖန်းကိုင်း ပရဟိတကျောင်းတွင် ပြင်ဆင်ထားရှိထားပြီး ဖြစ်ပါသည်။
သဖန်းကိုင်းဆရာတော်မှ နံနက်၊ နေ့၊ ညစာ များအတွက် အာဟာရရှိသော အစားအစာများကျွေး မွေးခြင်း၊ အိပ်ယာခင်း၊ ခေါင်းအုံးများပြင်ဆင်ထားခြင်း၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်ဆေးရည်၊ တစ်သျှူးများစီစဉ်ထားခြင်း၊ မုန့်၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ လျှပ်စစ်ရေနွေးအိုးများ စီစဉ်ထားခြင်း၊ အပြင်လောနှင့် မပြတ်စေရန် TV များထားရှိပေးခြင်း၊ သန့်ရှင်းသော သန့်စင်ခန်း၊ ရေချိုးခန်းများ ထားရှိပေးခြင်း၊ Quarantine နေထိုင်သူများကို ကျန်းမာရေးစောင့်ရှောက် မည့်သူများ အတွက်ပါ စီစဉ်ထားရှိခြင်းတို့ကို ကြိုတင်စီစဉ်ထားရှိပါသည်။
နောင်ချိုမြို့နယ်တွင် ပြည်ပမှ ပြန်ရောက်လာသူ ယမန်နေ့ ညနေအထိ ၁၇၆ ဦး ရှိပြီး ၁ ဦး ကို Hospital Quarantine မှာ ထားရှိပြီး ကျန် ၁ဦးမှာ မိမိကျေးရွာ အလိုက် Quarantine များ၌ထား ရှိကာ (၁၄) ရက် စောင့်ကြည့်လျက်ရှိပြီး လက်ရှိအခြေအနေအရ စိုးရိမ်စရာမရှိပါ ကြောင်းသိရသည်။
ထွေးငယ်၊ နောင်ချို(ပြန်/ဆက်)