ကျောက်တန်း ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work (CFW) စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက အဖွင့် အမှာစကား ပြောကြားပြီး အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး တို့ က အမှာစကားများ အသီးသီး ပြောကြား ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်က စီမံကိန်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ ၊ရန်ပုံငွေဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများအား ရှင်းလင်း ပြောကြားပြီး ကျေးရွာမတည်စီမံကိန်း Type (1)ဆောင်ရွက်မည့် ခနောင်(အရှေ့) ကျေးရွာအား စီမံကိန်း ရန်ပုံငွေ သိန်း(၃၀၀) ၊Cash for Work (CFW) စီမံကိန်း ဆောင်ရွက်မည့် မြကိုင်းကျေးရွာ၊ ညောင်ဝိုင် လေးကျေးရွာ၊ ဘိုးဘကျေးရွာ၊ နရွဲချောင်ကျေးရွာနှင့် မုဆိုးဆိပ် ကျေးရွာ တို့အားတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၈၀၀) အား ကျေးရွာ စီမံကိန်းကော်မတီဝင် များထံသို့ တာဝန်ရှိသူများက အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)