သုံးခွ ဩဂုတ် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းBook Clubနှင့်Women Clubအဖွဲ့တို့ ပူးပေါင်း၍ ဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်း ကို ယမန်နေ့မွန်းလွဲ၂နာရီက လူထုအခြေပြုဗဟိုဌာန Community centreခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ခေတ္တရပ်နားထားသည့်စာဖတ်၀ိုင်းများကိုယခုအခါတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုဆွေးနွေးသည့်အလေ့အကျင့်များ ရရှိစေရန်နှင့် အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ BookClub အဖွဲ့၀င် ဦးကြည်စိုးလွင်က ဆရာအောင်သင်း၏" နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ပါ အကြောင်းအရာ အကျဉ်းချုပ်ကို ဦးဆောင် ဆွေးနွေးခဲ့ပြီး (Women Club) အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က "မိဘကိုယ်စား" လိမ္မာရေးခြား ဆိုစကား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သူနာပြု တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူမခင်ချောပြည့်မှ "စာတတ်ဖို့စာကျက်ဖို့" နှင့် လူငယ်နှင့် သည်းခံမှု" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့နောက်ဗဟုသုတ ရရှိစေရန်အတွက် ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက် ရေးနံရံကပ်စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ၊ စာပေဝါသနာရှင်များက လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်