ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၂၆)ဉီးထပ်မံဝင်ရောက်

 

ချင်းရွှေဟော်  ဩဂုတ်  ၁၂

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့   မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက် မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ  ဩဂုတ်လ ၁၁ ရက်နေ့၊  ညနေ(၆)နာရီ အချိန်က(၁၄)ဉီး နှင့် ယနေ့ မွန်းလွဲ (၃)နာရီ အချိန်က(၁၂)ဉီး   စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဉီး  ထပ်မံ ဝင် ရောက် လာခဲ့ကြောင်း သိရသည်။

အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၆)ဉီးတို့မှာ  အမျိုးသား(၁၄)ဉီး၊ အမျိုးသမီး(၁၂)ဉီးတို့ဖြစ်ပြီး  ရန်ကုန်တိုင်း ဒေသကြီးမှ (၃)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၃)ဉီး၊  ပဲခူးတိုင်းဒေသကြီးမှ(၃)ဉီး၊ မကွေးတိုင်းဒေသကြီးမှ (၁)ဉီး၊   ကချင်ပြည်နယ် မှ (၁)ဉီး၊ ချင်းပြည်နယ်မှ (၁)ဉီး နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်းရှိ မြို့နယ်များမှ(၁၄)ဉီးတို့ဖြစ်ကြောင်း သိရသည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်များသို့  စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေး လျက်ရှိရာဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၀၀၇)ဉီး နှင့် အမျိုးသမီး(၆၄၀၁)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၄၄၀၈)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)