ပင်လောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ပင်လောင်း     ဩဂုတ်   ၁၂         

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးရှိ အသက်(၁၈)ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိရေး ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ   ဩဂုတ် ၁၂ ရက်နေ့က ပင်မွန်း ကျေးရွာအုပ်စု၊ ရေဦးကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ပင်မွန်းကျေးရွာအုပ်စုရှိ ကျေးရွာ(၁၈)ရွာမှ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး အတွက် သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်ဆန်းလင်း ဦးဆောင်သောအဖွဲ့နှင့် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက် ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်