ပင်းတယ ဩဂုတ် ၁၂
ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက် (EPI) ရေးဆွဲနည်းဆိုင်ရာ ရက်တိုသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားပေး လျက်ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာမို့မို့ကြည်နှင့် ကျန်းမာရေးမှူးအဆင့် (၁) ဆရာ ဦးစိုင်းမြဝေ တို့က (EPI) ရေးဆွဲရန် လမ်းညွှန်စာအုပ်မှ နည်းပညာများအတိုင်း သင်ကြားပို့ချပေးခဲ့ကြပြီး အဆိုပါသင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူး ၄ ဦး၊ ကြီးကြပ် ၁ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၆ ဦး၊ သားဖွားဆရာမ ၂၇ ဦးနှင့် ကြီးကြပ်(၂) ဦး စုစုပေါင်း(၂၆)ဦး တက်ရောက်ကြကြောင်း သိရသည်။
ဆက်လက်၍ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးရေး အစီအစဉ်နှင့် အခြားကာကွယ်ဆေး ထိုးနှံခြင်း ကိစ္စများကို သင်တန်းမှပို့ချလိုက်သည့် လမ်းညွှန်ချက်များအတိုင်း တိုးချဲ့ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း စီမံချက်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)