နမ္မတူ ဩဂုတ် ၁၂
နမ္မတူမြို့နယ်ရှိ နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် လုပ်လေကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ် လှူဒါန်း ခြင်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးအပ်ရာတွင် မနန်းစံပယ်နှင့် အလှူရှင်များကိုယ်စား မေတ္တာစမ်းရေအသင်းမှ နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် လုပ်လေကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းသို့ Hand-Gel (500ml)ဗူး (၁၅)ဗူး၊ နှာခေါင်းစည်း (၆၀၀)ခု၊ လက်ဆေးဆပ်ပြာခဲ (၁၄၄)ခဲ၊ PPE ဝတ်စုံပြည့် (၅)စုံ၊ လက်အိတ် (၃၀၀၀) ခုနှင့် မုန့်မျိုးစုံ (၁၀၀)ထုပ်အား နားဆိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ် ဒေါ်အိရွှေစင်ဦး လက်ဝယ်သို့ ဆက်လက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)