တောင်တွင်းကြီး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သတ်မှတ်စည်းကမ်း များနှင့် အညီဈေးရောင်း၊ ဈေး၀ယ်ပြုလုပ်ရေးနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်က စျေးနှင့် သား သတ်ဌာနစိတ်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့မဈေးကြီးအတွင်း စျေးရောင်းစျေးဝယ်များအနေဖြင့် နှာခေါင်းစည်း(Mask) များတပ်ဆင်အသုံးပြုရန်၊ စျေးဆိုင်ခန်းရှင် များမှ သတ်မှတ်ဧရိယာထက် ကျူးကျော်ခင်းကျင်းမှုများမရှိစေရန်နှင့် ပျံကျစျေးသည်များ သတ်မှတ်နေရာများတွင် ရောင်းချ စေရန် အတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အေးမိုးမိုးမြင့် (ပြန်/ဆက်)