လဟယ် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပေါ်ရပ်ကွက်နှင့် လဟယ် - ဆင်သေလမ်းပေါ်ရှိ ကျေးရွာအုပ်စုများနှင့် လဟယ် - နန်းယွန်း လမ်းပေါ်ရှိ ကျေးရွာများအား Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်ဩဂုတ် (၂၀)ရက်မှ စတင်၍ ယမန်နေ့အထိ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအား ဦးစားပေးထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်တွင်(၃၄၃)ဦး၊ လဟယ်-ခန္တီးမြို့နယ်ကြား ကားလမ်းပေါ်ရှိကျေးရွာများဖြစ်သော စံပြကျေးရွာတွင်(၃၈)ဦး၊ ဆော်လော်နောက်အင်းကျေးရွာတွင်(၈၉)ဦး၊ မွန်ထွေကျေးရွာ တွင်(၇၅)ဦး၊ မွန်နောက်ပြောင်ကျေးရွာတွင်(၃၄)ဦး၊ ဆပ္ပလောင်ရှောင်ကျေရွာမှ(၇၀)ဦး၊ ခါးငွေး ကျေးရွာမှ (၉၀)ဦးနှင့် လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် ကြားကားလမ်းပေါ်ရှိ မကျန် ကျေးရွာမှ(၄၃)ဦးစံတုံကျေးရွာမှ (၉၄)ဦးစုစုပေါင်း(၉၆၀)ဦး တို့အား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်၍ ရည်မှန်းဦးရေ(၁၀၀၀)ဦးအနက် ကျန်(၄၀) ဦးအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို နာဂဒေသစီမံအုပ်အုပ်ရေးအဖွဲ့ အနီးကပ်ကြီးကြပ်၍ လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်း ဦးဆောင်မှုဖြင့် ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှားဆက်(လဟယ်)