ငရုတ်ကောင်း သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘိုနိုင် ဦးဆောင်၍ ဝန်ထမ်းများက ဓမ္မိကာရုံကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းသိရသည်။ ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်း တွင် ထည့်သွင်းရမည့် အချက်အလက်များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် လိုအပ်ချက်မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)