ဖား​ဆောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်းနှင့် ပိုးသတ်​ဆေးဖျန်းခြင်းများဆောင်ရွက်​

ဖား​ဆောင်း စက်တင်ဘာ  ၁၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ စားဝတ်​နေ​ရေး​ ပြေလည်​စေရန်၊ ကုန်စည်စီးဆင်းမှုများ ပြတ်လပ်မှု မရှိ​စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိ​ရောက်စွာ ကာကွယ်နိုင်​စေရန် ရည်ရွယ်၍ ယ​နေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ဝင်ထွက်သွားလာသည့် ယာဉ်များအား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်း၊ ပိုးသတ်​ဆေးဖျန်းခြင်းများဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ရောဂါပြန့်ပွားမှု နှုန်းများပြား​နေ​​သော​ကြောင့် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထား​သော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဖား​ဆောင်း၊​ မော်ချီးနှင့် မယ်စဲ့များသို့ ကုန်စည်ကူးသန်း​ရောင်းဝယ်လျက်ရှိ​သော ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်ညီမညီ စနစ်တကျ ကာကွယ်ထိန်းချုပ်ခြင်းဖြစ်​ကြောင်း၊ စည်းကမ်းချက်နှင့်အညီ သွားလာခြင်းမရှိသော ယာဉ်များအား ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်​ကြောင်း၊ ယာဉ်များအား သတ်မှတ်ထား သည့် ရက်များအတွင်း သွားလာခွင့်ပြု​ကြောင်းနှင့် ဖား​ဆောင်းမြို့သို့​ ရောက်ရှိလာ​သော ယာဉ်များအား ကာကွယ်​ဆေးဖျန်းစက်ဖြင့်​ ဆေးဖျန်း​ပေးခြင်း၊​ ဆေးစစ်ချက်လက်မှတ်ပါရှိသည့် ယာဉ်များသာ သွားလာခွင့်ပြုခြင်း၊​ မော်ချီး​ဒေသ၌ သတ်မှတ်ယာဉ်များ ထားရှိမည့်​နေရာ၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား(RDT) စစ်​ဆေးခြင်းများ ပြုလုပ်​ပေးခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉​ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီထံမှ သိရသည်။

 

နန်းသဲနု​အောင်(ဖား​ဆောင်း)