ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေး

ဒဂုံ ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်၌ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေး ခြင်းကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  ကျန်းမာရေးဝန်ထမ်းများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ကာကွယ်ဆေးမတိုက်ကျွေးမီ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖွေးဘီက ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအပြင် ကျန်းမာသန်စွမ်းပြီး အမြင် အာရုံ အားကောင်းစေရန်  တိုက်ကျွေးခြင်းဖြစ်ကြောင်း  ရှင်းလင်းပေးပြီး  ကိုယ်ဝန်ဆောင်  မိခင်များအတွက်  လိုအပ်သည့် ကိုယ်ဝန်ဆောင်ကာလ  မိခင်နှင့်ကလေး  ကျန်းမာသန်စွမ်းစေရန် အသိပညာပေး အကြောင်းအရာများ ထည့်သွင်းဟောပြောသည်။ ယင်းသို့ ကလေးငယ်များ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဒဂုံမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်အလိုက် လိုက်လံတိုက်ကျွေးပေး ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)