ကော့သောင်း သြဂုတ် ၁၄
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်ပြင်တွင်း Crew Change ပြုလုပ်ရန် M/S ADVANCED CONTAINER LINE (SINGAPORE) ပိုင် MV.KOTA ARIF သင်္ဘောပေါ်မှ သင်္ဘောသား (၈) ဦး Sing Off ထွက်လာရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်မှ Sing Off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၈) ဦးမှာ ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MV.KOTA ARIF သင်္ဘောပေါ်သို့ Sing On တက်ရောက်မည့် ကပ္ပတိန် ဦးကိုကိုအောင်ပါ (၉)ဦးအား တာဝန်လွှဲပြောင်းရယူခဲ့ကြသည်။
သင်္ဘောများပေါ်မှ Sing Off ထွက်လာသည့် မြန်မာသင်္ဘောသား (၈) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင်ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာချို(ခရိုင် ပြန်/ဆက်)