လမ်းမတော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

လမ်းမတော် သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃) ရပ် ကွက်ရှိရာ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ စား၊ဝတ်၊နေရေး အဆင်ပြေ စေရေးအတွက် တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ ကပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်က တတိယ အကြိမ် ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ပြီး အိမ်ထောင်စုတစ် စုလျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် အိမ် ထောင်စု ၂၉၀စု အတွက် စုစုပေါင်းငွေကျပ် ၅၈ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျော်ဆန်းမြင့်