လမ်းမတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲကျင်းပ

လမ်းမတော် သြဂုတ် ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအ ထွေထွေ ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးတို့  နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလူဝင် မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေး အေးမာ၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ် ဦးကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်း၊ခရိုင်၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ရေး၊ မဲဆန္ဒရှင် စာရင်းတိကျ မှန်ကန်ရေး၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်စေရေး၊ အခက်အခဲများအပေါ် ပေါင်းစပ် ညှိနှိုင်းဆောက်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

လမ်းမတော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၏ စာရင်းများအရ မဲဆန္ဒရှင် ဦးရေ ၂၉၉၁၉ ဦးနှင့် မဲရုံပေါင်း ၂၂ရုံရှိကြောင်းသိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)