ဟိုပုံးမြို့နယ်တွင်နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၄၅၃၇)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဟိုပုံး    ဩဂုတ်  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  နိုင်ငံတော် အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု(၄၅၃၇)စု အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများအား တာဝန်ခွဲဝေထားပြီးဖြစ်၍ ထောက်ပံငွေ ပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေးမဖြစ်စေရေးနှင့် ပြည်သူများ လက်ဝယ်အမြန်ရောက်ရှိစေရေး စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က တာဝန်ရှိသူများအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၅၃၇)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၉၀,၇၄၀,၀၀၀)ကျပ်အား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

နေမင်းထွန်း(ဟိုပုံး)