ပိုင်ကျုံမြို့တွင် ၂၀၂၀-၂၀၂၁ပညာသင်နှစ် မြို့နယ်အဆင့် Grade-4 သင်ရိုးသစ် (နောက်ဆက်တွဲ) သင်တန်းသင်ကြားပို့ချလျက်ရှိ

ပိုင်ကျုံ  ဩဂုတ်  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ (အထက-ခွဲ) နောင်ဘိုကြီးကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ် အဆင့် Grade-4 သင်ရိုးသစ် (နောက်ဆက်တွဲ) သင်တန်းကို ဩဂုတ်လ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး (၁၆) ရက်နေ့အထိ ရက်သတ္တပတ်အကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Grade-4 သင်ရိုးသစ် (နောက်ဆက်တွဲ) သင်တန်းတွင် သင်တန်းနည်းပြ/ကြီးကြပ် (၁၄) ဦး၊ သင်တန်းသူ၊ သင်တန်းသား (၁၄၁) ဦး တက်ရောက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် သင်တန်းသူ၊ သင်တန်းသားများ အ တွက် စနစ်တကျနှာခေါင်းစည်းများတပ်ဆင်ခြင်း၊ လက်ဆေးကန်များထားရှိပေးခြင်းနှင့် သင်တန်းသူ၊ သင်တန်း သားများ () ပေအကွာမှ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)