လှိုင်းဘွဲ မတ်လ ၂၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ (COVID-19)ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID -19) ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများနှင့်စာစောင်များကို ပြသဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (COVID -19)ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်း များအား ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရန် မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသထား လျက်ရှိကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)