ကျောက်မဲမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်းများ ဆောင်ရွက်

ကျောက်မဲ  မတ်   ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က လူစည်ကားရာ ဗဟိုဈေးကြီးအနီး ညဈေးတွင် ခရီးသွားပြည်သူများနှင့် ဈေးဝယ်သူများကို ရှမ်း/မြန်မာ နှစ်ဘာသာပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းများကို လက်တွေ့သရုပ်ပြ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

COVID-19 ရောဂါကြိုတင်ကာကွယ်နိင်ရန်အတွက် ပြည်သူများအကြား အသိပညာတိုးပွားစေရန် ရည်ရွယ်၍ လူစည်ကားရာ နေရာများတွင် ယခုကဲ့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)