ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ စိုက်ထူ

ဖာပွန် မတ် ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ ကို ယမန်နေ့ညနေ(၃)နာရီက စိုက်ထူခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးနှင့် ဝန်ထမ်းများက COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးပိုစတာများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါကြိုတင်ကာကွယ်နိုင်ရန် ဖာပွန်မြို့တွင် မြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုတို့တွင် ပိုစတာ(၄၀)ခုကို လည်းကောင်း၊ ကမေမာင်းမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စုတွင် ပိုစတာ(၄၀)ခု ကိုလည်းကောင်း စိုက်ထူ၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင် (ပြန်ဆက်)