မြဝတီမြို့၌ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း စီစဉ်

မြဝတီ မတ် ၂၁

COVID-19 ရောဂါကြောင့် မြဝတီမြို့၌ နယ်စပ်ဂိတ်များ ပိတ်ပင်ခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်သန်းသွားလာမှု မရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ လတ်တလော နယ်မြေဒေသ အခြေအနေအရ လှေဂိတ်များမှတဆင့် သောင်ရင်းမြစ်အတွင်း ဖြတ်သန်း သွားလာလျက် ရှိသည့် လုပ်သားပြည်သူအများ သွားရေးလာရေး အခက်အခဲများနှင့်  ကြုံတွေ့ နေရကြောင်း သိရှိရပါသဖြင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ မှပြေးဆွဲခွင့်ပြုထားသည့် စက်လှေဂိတ်များ ဖြစ်သည့် Seagull ဂိတ်၊ ဘောဂိတ် နှင့် မိုးကုတ်ဂိတ်များ မှ တဆင့်(၂၀.၃. ၂၀၂၀)ရက်နေ့မှစ၍ နံနက် ၆ နာရီ မှ ၉ နာရီ အတွင်းနှင့် ညနေ ၄ နာရီ မှ ၇ နာရီအတွင်း သောင်ရင်းမြစ်အတွင်းမှ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယမန်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း ပြီး ညှိနှိုင်းပေါင်းစပ်၍ ယာယီအားဖြင့် စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် သွားလာမှု မိုပိုအဆင်ပြေစေရေးနှင့် စနစ်တကျ Fever Surveillance လုပ်နိုင်ရန် အတွက် မိုးကုတ်ဂိတ် (အစား)သရက်ပင်ဂိတ်မှ သွားလာနိုင်ရေး ညစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး Seagull ဂိတ်၊ ဘောဂိတ်၊ သရက်ပင် ဂိတ် တို့မှတဆင့် ယာယီဖြတ်သန်း သွားလာနိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Rapid Response Team မှ ဆရာဝန်များ နှင့်အတူ ဌာနဆိုင်ရာ Volunteer များမှ Fever Surveillance ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထား ရှိပြီးဖြစ်ပါကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်ထံမှ သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)