ကွန်ဟိန်း မတ်၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန် ဟိန်းမြို့၌ (CO VID- 19) ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့ ညနေ ၅ နာရီအချိန်က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများမှ COVID-19 နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်း၊ ပြည်သူလူထု၊ အုပ်ချုပ်ရေး၊ ကျန်းမာရေးပေါင်းစပ်ဆောင်ရွက်နို င်ရန်အတွက် သတင်း အချက်အလက်များကိုရှင်းလင်းခြင်းနှင့် ကုသနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲသို့ လွှတ်တော် ကိုယ်စားလှယ်၊ဌာနဆိုင် ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ပြန်/ဆက်)