ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်း ခင်းနေမှု ပြီးစီးသည့်အခြေအနေအား စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ မှ ကွင်းဆင်းကြည့်ရှု ခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်လျက်ရှိသော အနောက်ကြို့ကုန်းရပ်ကွက်၊ အထက် ဗဟိုလမ်း ကွန်ကရစ် လမ်းခင်းသည့် လုပ်ငန်း ပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)