မိုင်းငေါ့ ဩဂုတ် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်တောင်သူနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ အသုံးပြုထားသော မိုးစပါးစိုက် (လယ်) တောင်သူများအား အပင်ရွက်ဖျန်းဆေးနှင့် အပွင့်အသီးအစေ့အဆံအောင် အားဆေး(၂)မျိုးကို ယနေ့ နံနက်(၉)နာရီအချိန်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးဇေယျာမျိုးမှ မျိုးစေ့ထုတ်စိုက်သူ တောင်သူ ဦးကျော်ဝင်း၊ ဦးကြာထွန်း၊ တိုက်ရိုက်အစေ့စိုက်တောင်သူ ဦးအာယု၊ ဦးဘဌေး၊ G. A .P စိုက် တောင်သူ ဦးအိုက်မြင့် တို့အား အပင်အားဆေး ၁၀၀၀ CC၊ အပွင့် အသီး အစေ့အဆံအောင်အားဆေး ၁၀၀၀ CC တို့ကို အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ပြီးမျိုးစေ့ထုတ်စိုင်ခင်းများနှင့် တိုက်ရိုက် အစေ့ချ စိုက်ခင်း များစိုက်ပျိုးထားသော မိုးစပါး စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှု အခြေအနေများ သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေး ပြီးတောင် သူများ နှင့် တွေ့ဆုံကာ ပိုးမွှားရောဂါ စနစ်တကျ ကာကွယ် နှိမ်နှင်း နည်းများ ကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)