မင်းလှမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲ ပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအိမ်တိုင်ရာ ရောက် ကွင်းဆင်း ဆောင်ရွက်

အထက်မင်းလှ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများဆန္ဒမဲ ပေးခွင့်ရရှိရေး၊ မဲစာရင်း များမှန်ကန်ရေးတို့အတွက် အိမ်တိုင်ရာရောက်မဲစာရင်းများစိစစ်ခြင်းကို ယမန်နေ့ည နေ နာရီကမြို့နယ်အတွင်းရှိရပ်ကွက်၊‌ ကျေးရွာများမှာကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်၌၂၀၂၀ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့်မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိ စေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့်ရပ်ကွက် ကျေးရွာ/အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများကအိမ်တိုင်ရာရောက်ကွင်း ဆင်းစစ်ဆေး ခဲ့ပြီးလိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင််းသိရသည်

မင်းလှမြို့နယ်၌ ရပ်ကွက် ()ရပ်ကွက်၊  ကျေးရွာအုပ်စု(၆၃)အုပ်စုတွင်မဲရုံ ပေါင်း(၁၂၀)ရုံလျာထားပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ(၁၀၀၇၈၀)ဦးရှိကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)