ဆော သြဂုတ် ၁၇
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် ဆောမြို့နယ်အတွင်း မှုခင်းကျဆင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့စခန်းနယ်မြေ အလိုက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဆောမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်စိုးခိုင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် အညာကတင်းကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်ထွန်းနှင့်အတူ ကျေးရွာအတွင်းရှိ လူနေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ကြ၍ ပြည်သူများနှင့် တွေ့ဆုံကာ ရဲလုပ်ငန်းအတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရေး အပါအဝင် မှုခင်းကျဆင်းအတွက် အသိပညာပေး ဆွေးနွေးခဲ့ခြင်းနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော