နမ့်ဆန် မတ် ၁၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပလျက်ရှိသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား/သူတို့အား ယနေ့နံနက် (၉)နာရီက ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များတို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး၊ စာဖြေဆိုနေစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှုရှိပါက ချက်ချင်းကူညီစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ခဲ့ကြသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် နမ့်ဆန် စာစစ်ဌာန၌ ဖြေဆိုသူပေါင်း(၈၃၈)ဦးခန့်ရှိကြောင်းသိရပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/သူတို့ကို ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)