လွိုင်ကော် မတ် ၁၆ ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်

ဘုရားသုံးဆူ မတ်  ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

အလားတူ နံနက် ၇ နာရီမှ ၇:၃၀ အချိန်အထိ တစ်ဖက်နယ်စပ် ထိုင်းနိုင်ငံ စံခလပူရီစီရင်စု ကျယ်ဒီဆန်အုန်းရွာ Checkpoint နေရာ၌ ကျယ်ဒီဆန်အုန်းရွာဆေးခန်း တာဝန်ခံ နိန်ဖိုင်ထွန်းနှင့် အဖွဲ့သည် နယ်စပ်ဖြတ်သန်း သွားလာသူများအား ကိုရိုနာဗိုင်းရပ်စ်ကာက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်သူဟိန်း (ပြန်/ဆက်)